UA-57981740-1

Tuesday, February 24, 2015

အင်္ဂါနေ့ နံနက်ခင်းပိုင်း နိုင်ငံတကာစစ်သတင်းများ
==============================

ရုရှားနိုင်ငံမှ ၅ နှစ်ကြာခန့် ဆိုင့်ငံ့ထားသော လေယာဉ်ပစ် ဒုံးကျည်စနစ်ကို အီရန်သို့ ရောင်းရန် ထပ်မံကမ်းလှမ်း ခဲ့ပါတယ်။
ရုရှားကာကွယ်ရေးအဖွဲစည်းမှ အမှုဆောင်အရာရှိချုပ် Sergei Chemezov မှပြောဆိုချက် အရ Antey-2500 အမည်ရှိ လေကြောင်းကာကွယ်ရေး လေယာဉ်ပစ်ဒုံကျည် စနစ်မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံကျည်အမျိုးအစားဖြစ်ပြီး နေရာရွှေ့ ပြောင်းနိုင်မှု ရှိပါတယ်။
...
ထို့ အပြင် အကွာအဝေး မိုင် ၁၅၀၀ အထိပစ်ခတ်နိုင်စွမ်းရှိပြီး အခြားကောင်းမွန်သော အချက်လက်များပါဝင်ပါတယ်။ ရုရှားနိုင်ငံဟာ အီရန်နိုင်ငံသို့ ယခုလေယာဉ်ပစ်ဒုံးကျည်
စနစ်ကိုရောင်းရန်ကမ်းလှမ်းခဲ့သည့်အပြင် အခြားအရှေ့ အလယ်ပိုင်းနိုင်ငံများ ကိုပါ ကမ်းလှမ်းခဲ့ပါတယ်။
...
အရှေ့ အလယ်ပိုင်းမှ ပဋိပက္ခများကြောင်း ၂၀၁၄ ခုနှစ်အတွင်း ရှရှားလက်နက်ရောင်းအားမှာ ဒေါ်လာ ၁၃ ဘီလီယံခန့် မြင့်တက်ခဲ့ပါတယ်ဟု Chemezov မှပြောဆိုခဲ့ပါတယ်။
...

‪#‎AJAX‬ Ref : Fox သတင်းဌာန
The Associated Press မှ ယခုသတင်းကို ပါဝင်ကူညီ ရယူထားပါတယ်။.
(ပုံ) Antey-2500 anti-ballistic air defense system.