UA-57981740-1

International News

DOCUMENTARY OF WORLD MILITARY EXERCISES

PART (1)

Cobra Gold 2015 စစ်ဖက်ဆိုင်ရာလေ့ကျင့်ရေးကြီးများ
=============================

အမေရိကန်နိုင်ငံမှ နှစ်စဉ် ဦးဆောင်ကျင်းပသော Cobra Gold 2015 စစ်ရေးလေ့ကျင့်ပွဲကြီးကို ပြီးခဲ့တဲ့ တနင်္လာနေ့ က ထိုင်းနိုင်ငံမှာ ပြန်လည်စတင် ကျင်းပခဲ့ကြပါတယ်။
မနှစ်က မေလ ၂၀၁၄ မှာကျင်းပခဲ့တဲ့ စစ်ရေးလေ့ကျင့်ပွဲဟာ ပိုမိုကောင်းမွန်ပေမယ့် ထိုင်းနှင့် အမေရိကန် ဆက်ဆံရေးမှာ အဆင်မချောမွေ့ ခဲ့ပါဘူး။

Cobra Gold 2015 စစ်ရေးလေ့ကျင့်ပွဲကြီးမှာ ပါဝင်လေ့ကျင့်တဲ့နိုင်ငံများကတော့ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့ ဖြစ်ကြပြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ မှာ လူမှုကယ်ဆယ်လေ့ကျင့်ရေးတို့ တွင်သာ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

Cobra Gold 2015 စစ်ရေးလေ့ကျင့်ပွဲကြီးမှာပါဝင်သော လေ့ကျင့်မှုများကတော့ သစ်တောများထဲတွင် အသက်ရှင်ရပ်တည်နိုင်ရန်နှင့် ပြည်တွင်းလုံခြုံရေးလေ့ကျင့်ခြင်း စသည်တို့ ပါဝင်ကြပါတယ်။

USMC Lance Corporal "Dakota Woodward" ဟာမြွေဟောက်၏သွေးကိုသောက်သုံးပြီး အသက်ရှင်ရန် သရုပ်ဖေါ်ပြသမှု။

အမေရိကန်စစ်တပ်မှ မရိန်းတပ်သားတစ်ဦးမှ ကင်မီးကောက်တစ်ကောင်ကို စားပြီး အသက်ရှင်ရန် သရုပ်ဖေါ်ပြသမှူ။

ဒိုက်ထိုးလေ့ကျင့်နေစဉ်တွင် မြွေဟောက်တစ်ကောင်အား နှုတ်ခမ်းဖြင့်ထိပြီး သရုပ်ဖေါ်လေ့ကျင့်မှု။

သစ်တောထဲမှ ရရှိသော အသီးနှံများကို စားသုံးတတ်စေရန်နှင့် အုန်းရည်သောက်သုံးပြီး အသက်ရှင် ရပ်တည်ရန် လေ့ကျင့်ခြင်းမှုများ... စသည်တို့ ပါဝင်ကြပါတယ်။

ထို့ အပြင် အခြားနိုင်ငံအသီးသီးမှလည်း ၄င်းတို့ ၏ စစ်ရေးလေ့ကျင့်မှုများကို ပြသခဲ့ကြပါတယ်။

ယခုနှစ် ကျင်းပသော Cobra Gold 2015 စစ်ရေးလေ့ကျင့်ပွဲကြီးကို နိုင်ငံ ၇ နိုင်ငံမှပါဝင်ဆင်နွဲခဲ့ပြီး စစ်သား အယောက် ၁၃,၀၀၀ ခန့် ရှိပါတယ်ဟု AP သတင်းဌာနမှဖေါ်ပြထားပါတယ်။

To Be Continued...

Reporting from : Official IWNJ.
#AJAX Ref : AP သတင်းဌာန၊ BI သတင်းဌာန၊ Reuters သတင်းဌာန။

No comments:

Post a Comment