UA-57981740-1

Monday, December 7, 2015

အယ်ဒီတာချုပ်အာဘော်

အယ်ဒီတာချုပ်အာဘော်
စာဖတ်သူ မိတ်ဆွေများ အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ။
စစ်ပွဲတွေ ရပ်တန့် ရေးနဲ့ ငြိမ်းချမ်းရေးအတွက် သင်ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေပြင်ဆင်ထားလဲ၊ ဘာတွေပြောချင်လဲ - ဆိုတာတွေကို ဆွေးနွေးနိုင်ရန် စာဖတ်သူ မိတ်ဆွေများအား နိုင်ငံတကာ စစ်သတင်းဂျာနယ်မှ ဖိတ်ခေါ်ပါရစေ။
ကျွန်တော်တို့ နှစ်ပေါင်းများစွာ မသိခဲ့ကြလို့ ဖြစ်စေ၊ လစ်လျူရှု့ ခဲ့ကြလို့ ဖြစ်စေ ယခုအချိန်အခါတွင်တော့ ပါးစပ်များ ပိတ်၍ မနေသင့်တော့ပေ။
ယနေ့ ခေတ်ကြီး တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ နိုင်ငံနှင့်အတူ ကျွန်တော်တို့ ပြည်သူများသည်လည်း တိုးတက်ပြောင်းလဲလာသင့်သည်။
မျက်နှာလွဲခံထားခဲ့ကြရသည့်၊ လစ်လျူရှု့ ခံခဲ့ကြရသည့်၊ အသိအမှတ်ပြုခြင်း မခံခဲ့ကြရသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမ မိဘ ဆွေမျိုးများအတွက် ယခု ဒီအချိန်တွင် ကျွန်တော်တို့ တွေ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ကူညီရန်သင့်ပေသည်။
ဆိတ်သုန် တိမ်မြုပ်နေ၍ ကျွန်တော်တို့ မမြင်နိုင်သည့် မြန်မာနိုင်ငံအရပ်ရပ်က စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၄င်းတို့ ကိုယ်စား နေ့ စဉ် ဖြစ်ပျက်နေသည့် အမှန်တရားများကို လူအားဖြင့်ဖြစ်စေ၊ မီဒီယာ အားဖြင့်ဖြစ်စေ၊ သတင်းများအား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်စေရန် ထုတ်ဖော်ပြောဆိုကြရန် လိုအပ်ပါသည်။
တစ်ဦးတစ်ယောက်အားဖြင့် ကြိုးစားရန်မှာ ခက်ခဲလေ့ရှိပြီး စစ်မှန်သော ငြိမ်းချမ်းရေး အတွက် အမှန်တရားဘက်မှ ရပ်တည် ပေးကြမည့် သူရဲကောင်း ပြည်သူများအား ကျန်ရှိနေသည့် ပြည်သူများက အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်၍ ဝိုင်းဝန်းထောက်ပံ့ကူညီ ကြရန် လိုအပ်ပါသည်။
စစ်ပွဲများရပ်တန့် ကြပါစေ။ ငြိမ်းချမ်းရေးများ တည်တံ့ခိုင်မြဲပါစေ။
နိုင်ငံတကာစစ်သတင်းဂျာနယ်မှ ဆုတောင်းပါရစေ။




Editor in Chief : AJAX
International War News Journal Group.
www.facebook.com/official.iwnj

No comments:

Post a Comment